Sunday, May 25, 2025
No Result
View All Result
  • Login
NINGHKAWNG
  • Home
  • သတင်း
    • All
    • စစ်သတင်း
    • စီးပွားရေး
    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • ကချင်
  • အင်္ဂလိပ်

ENG | KAC
Home သတင်း စစ်သတင်း

ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

by Ninghkawng
November 28, 2024
ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ
0
SHARES
13
VIEWS
Share on Facebook

လွှတ်တော်အမတ်ဟောင်းဖြစ်သူ ဦးဇခုန်တိန့်ယိန်းခေါင်းဆောင်သည့် အန်ဒီအေကေ (NDA-K) အုပ်ချုပ်ရာနယ်မြေ အထူးဒေသ (၁) အား ဖျက်သိမ်းလိုက်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို (KIO) မှ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါ သည်။

ကချင်တမျိုးသားလုံးကို စိတ်ဝမ်းကွဲစေပြီး၊ စည်းလုံးမှုပျက်ပြားစေရန်နှင့် အာဏာရှင်စစ်အစိုးရမှ ၎င်းတို့၏ အာဏာတည်မြဲရေးအတွက်ရည်ရွယ်ပြီး ဖော်ဆောင်ထားသည့် အဆိုပါ ကချင်အထူး ဒေသ (၁) အား ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြထားပြီး၊ “ယခုမှစ၍ ကချင်အထူးဒေသ (၁) ဟူသောသတ်မှတ်ချက် မရှိတော့ပါ” ဟု ကေအိုင်အိုမှ ထုတ်ပြန်ကြေညာချက်တွင် ပြောကြားထားပါသည်။

အဆိုပါဒေသအား ပြည်သူလူထု၏အကျိုးစီးပွားများကို ထိခိုက်နှစ်နာစေခြင်းမရှိစေပဲ လူသားချင်း စာနာထောက်ထားသည့်မူဝါဒဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ စီမံအုပ်ချုပ်သွား မည့်အကြောင်း ကေအိုင်အိုမှပြောကြားထားပြီး၊ ယခင် အန်ဒီအေကေအဖွဲ့၏အုပ်ချုပ်မှုအောက် တွင်ရှိခဲ့သော ဒေသအတွင်းရင်းနှီးမြှပ်နှံထားသူများနှင့် ဒေသခံပြည်သူများအနေဖြင့် ကေအိုင်အိုနှင့် ပူးပေါင်းလုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောကြားထားပါသည်။

စစ်အာဏာရှင်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲ ဖွဲ့စည်းထားသော အန်ဒီအေကေ အဖွဲ့အုပ်ချုပ်သည့် ကချင်အထူးဒေသ (၁) အတွင်းရှိ နောက်ဆုံးကျန်ရှိသည့်မြို့ဖြစ်သော ကန်ပိုင်တီ မြို့ကို ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်တပတ်အကြာတွင် ကေအိုင်အိုမှ ယခုလိုထုတ်ပြန်ကြေညာလိုက် ခြင်းလဲပဲ ဖြစ်ပါသည်။

ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံ NDA-K အဖွဲ့မှ ထိန်းချုပ်ထားသော ကချင်အထူးဒေသ (၁) အတွင်းမှ မြို့နှင့် စစ်စခန်းများကို တရုတ်အစိုးရ၏ ဖိအားများကြားမှ စက်တင်ဘာလကုန်ပိုင်းမှစပြီး စတင်တိုက်ခိုက်သိမ်းလာခဲ့ရာ နောက်ဆုံးကျန်ရှိ သည့် တရုတ်နိုင်ငံနယ်စပ်ရှိ ကန်ပိုင်တီမြို့ကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါသည်။

ကေအိုင်အေမှ ကချင်အထူးဒေသ (၁) အတွင်းထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် တရုတ်အစိုးရမှ ဒဏ်ခတ်ပိတ်ဆို့သည့် အနေဖြင့် နယ်စပ်ဂိတ်များအားလုံးကိုပိတ်လိုက်ပြီး၊ ယခုအချိန်ထိ ပြန်လည်ဖွင့်ပေးခြင်းမရှိသေးပေ။

NDA-K အဖွဲ့အား ကေအိုင်အိုအဖွဲ့ဝင်ဟောင်းများဖြစ်ကြသည့် ဇခုန်တိန့်ယိန်း၊ လယောက်ခ် ဇေလွမ်း နှင့် ယိန်းဇေလွမ်းတို့မှ ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး၊ အဆိုပါနှစ်တွင်ပင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ စစ်အစိုးရ လက်အောက်ခံလက်နက်ကိုင်အဖွဲ့အဖြစ်ရပ်တည်ခဲ့ကာ၊ ၂၀၀၉ ခုနှစ်တွင် အာဏာရှင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖြစ်ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။

အန်ဒီအေကေအဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းသည့် လွန်ခဲ့သော ၁၉၆၈ ခုနှစ်တွင် ကေအိုင်အေ အဖွဲ့မှ ခွဲထွက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့သို့ဝင်ရောက်ခဲ့ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီ ၁၀၁ တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါသည်။

ဦးဇခုန်တိန့်ယိန်းသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ အနိုင်ရရှိခဲ့ သော်လည်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေချိုးဖောက်မှုဖြင့် ၂၀၁၆ ခုနှစ်တွင် လွှတ်တော်အမတ် အဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါသည်။

Ninghkawng

Ninghkawng

Next Post
မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Recommended

စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

3 months ago
5
ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

4 months ago
4

Popular News

  • လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချရန် ကေအိုင်အေသတိပေး

    0 shares
    Share 0 Tweet 0
  • လွယ်ဂျယ်မြို့ကို ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0
  • ဝိုင်းမော်မြို့နယ်အတွင်း ကေအိုင်အေနှင့် လီဆူပြည်သူ့စစ်အကြား တင်းမာမှုမြင့်တက်နေ

    0 shares
    Share 0 Tweet 0
  • ဆယ်ဇင်းကျေးရွာထဲ ရှမ်းနီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်

    0 shares
    Share 0 Tweet 0
  • ဆွမ်ပရာဘွမ်အခြေစိုက် ခလရ ၄၆ တပ်စခန်းအား ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0

Connect with us

NINGHKAWNG

Who we are - Reporting news about politics and ethnic issues in Myanmar especially on Kachin ethnic people.

  • About
  • Contact

© 2024 - Ninghkawng. All rights reserved.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Home
  • သတင်း
    • ကျန်းမာရေး
    • စစ်သတင်း
    • စီးပွားရေး
  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • Login

© 2024 - Ninghkawng. All rights reserved.