၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်ညတွင် ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာအနီးရှိ မြေစာပုံဟောင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ ထိခိုက်၊ သေးဆုံးဒဏ်ရာရရှိသူဦးရေ အတိအကျမသိသေးသော်လည်း ပျောက်ဆုံးနေသူ အနည်းဆုံး ၄၀ နီးပါးရှိကြောင်း ဒေသခံတွေရဲ့အဆိုအရသိရသည်။
မြေစာပုံဟောင်းပြိုကျမှုမှာ ည ၁၂ နာရီခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ မြေပြိုကျချိန် ရေးမဆေးကောင်သူ အများအပြားပါသွားကြောင်း ဒေသခံတစ်ဦးက အခုလိုပြောသည် “ရေမဆေး ကောက်တဲ့သူတွေ ၄၀ နီးပါးကို ရှာမတွေ့သေးဘူး” ဟု အဆိုပါဒေသခံက ပြောပါသည်။
ဖားကန့်ဒေသအတွင်း ကျောင်းစိမ်းလုပ်ကွက်များနှင့် မြေစာပုံဟောင်းနေရာများတွင် ယခုလို မြေပြိုကျမှုများ မကြာခနဖြစ်ပွားလေ့ရှိပြီး၊ ရေမဆေးကောက်သူ၊ ကျောင်းစိမ်းတူဖော်သူများနဲ့ ကျောင်းစိမ်းကုမ္ပဏီများတွင် အလုပ်လုပ်နေသူ အများအပြားသေကြေပျက်ဆီးလေ့ရှိပြီး၊ ကူညီကယ်ဆယ်မှုများ ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိဖြစ်နေပါသည်။
ဖားကန့်ဒေသတစ်ဝိုက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။