ကချင်လွတ်မြောက်ရေးစစ်တပ် (ကေအိုင်အေ) ၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါန်လွမ်းသည် ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၆း ၃၀ တွင် ကွန်လွန်သွားကြောင်း မိသားစုနှင့်နီးစပ်သူများ၏အဆိုအရ သိရသည်။
အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးခေါန်လွမ်းသည် အသည်းကင်ဆာရောဂါခံစားနေရခြင်းဖြစ်ကာ၊ ယခုရက်ပိုင်းအတွင်း ရောဂါလက္ခဏာဆိုးဝါးလာသည့်အတွက် တရုတ်နိုင်ငံသို့သွားရောက်ကာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခြင်းဖြစ်ကြောင်းသိရသည်။