Sunday, May 25, 2025
No Result
View All Result
  • Login
NINGHKAWNG
  • Home
  • သတင်း
    • All
    • စစ်သတင်း
    • စီးပွားရေး
    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • ကချင်
  • အင်္ဂလိပ်

ENG | KAC
Home သတင်း စစ်သတင်း

ဆွမ်ပရာဘွမ်အခြေစိုက် ခလရ ၄၆ တပ်စခန်းအား ကေအိုင်အေသိမ်းပိုက်

by Ninghkawng
May 6, 2024
0
SHARES
4
VIEWS
Share on Facebook

ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၄၆ တပ်စခန်းအား ကေအိုင်အေတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၈ နာရီခန့်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများမှ Ninghkawng သတင်းဌာနကို ပြောသည်။

ကေအိုင်အေတပ်ဖွဲ့နှင့် ပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှစပြီး၊ စစ်ကောင်စီ၏ တပ်စခန်းများကို တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်လာခဲ့ရာ၊ ဆွမ်ပရာဘွမ်မြို့ရှိ ခလရ ၄၆ တပ်စခန်းကိုလည်း လအတန်ကြာ ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။

ခလရ ၄၆ တပ်စခန်းတွင် ပိတ်မိနေသည့် စစ်အစိုးရတပ်သားများမှာ၊ စစ်တပ်၏ လေကြောင်းမှ တိုက်လေယာဉ်များ၏ ပစ်ကူမှုများကိုအားပြုပြီး ကြံ့ကြံ့ခံနေမှုကြောင့် ကေအိုင်အေမှ အဆိုပါတပ်စခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ရန် အခက်တွေ့နေရခြင်းဖြစ်ကာ၊ သည်ကနေ့မနက် မေလ ၅ ရက်နေ့မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကေအိုင်အေတပ်ဖွဲ့မှ ဆွမ်ပရာဘွမ် မြို့အား အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်သည်။

တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ကချင်ပြည်နယ်အထက်ပိုင်းရှိ ဆူးယန်၊ မိုင်ထောင်နှင့် ခဂရန်းယန် ကျေးရွာ ၃ ရွာကို နေရာသုံးခုခွဲပြီး စစ်ဘေးရှောင်စခန်း ၃ ခု ဖွင့်ထားကြောင်း အဆိုပါစစ်ရှောင်စခန်းကို သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

အဆိုပါစစ်ရှောင်စခန်းများတွင် စစ်ဘေးဒုက္ခသည် ၁၀၀၀ နီးပါး ခိုလှုံနေပြီး၊ စစ်ရှောင်များကို ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ကူညီနေကြောင်း၊ အဆိုပါဒေသခံက ပြောသည်။

လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် လက်လွတ်လိုက်ရသည့် Gidon တပ်စခန်းအား ကေအိုင်အေနှင့်ပူးပေါင်းတပ်ဖွဲ့များမှ မေလ ၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းရင်းမြစ်အရ သိရှိရသည်။

Ninghkawng

Ninghkawng

Next Post
လက်လွှတ်လိုက်ရသည့် Gidon တပ်စခန်းအား ကေအိုင်အေပြန်လည်တိုက်ခိုက်သိမ်းပိုက်

လက်လွှတ်လိုက်ရသည့် Gidon တပ်စခန်းအား ကေအိုင်အေပြန်လည်တိုက်ခိုက်သိမ်းပိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Recommended

ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

6 months ago
13
ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

6 months ago
8

Popular News

  • လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချရန် ကေအိုင်အေသတိပေး

    0 shares
    Share 0 Tweet 0
  • လွယ်ဂျယ်မြို့ကို ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0
  • ဝိုင်းမော်မြို့နယ်အတွင်း ကေအိုင်အေနှင့် လီဆူပြည်သူ့စစ်အကြား တင်းမာမှုမြင့်တက်နေ

    0 shares
    Share 0 Tweet 0
  • ဆယ်ဇင်းကျေးရွာထဲ ရှမ်းနီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်

    0 shares
    Share 0 Tweet 0
  • ဆွမ်ပရာဘွမ်အခြေစိုက် ခလရ ၄၆ တပ်စခန်းအား ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0

Connect with us

NINGHKAWNG

Who we are - Reporting news about politics and ethnic issues in Myanmar especially on Kachin ethnic people.

  • About
  • Contact

© 2024 - Ninghkawng. All rights reserved.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Home
  • သတင်း
    • ကျန်းမာရေး
    • စစ်သတင်း
    • စီးပွားရေး
  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • Login

© 2024 - Ninghkawng. All rights reserved.