Sunday, May 25, 2025
No Result
View All Result
  • Login
NINGHKAWNG
  • Home
  • သတင်း
    • All
    • စစ်သတင်း
    • စီးပွားရေး
    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • ကချင်
  • အင်္ဂလိပ်

ENG | KAC
Home သတင်း စစ်သတင်း

ပူတာအိုဘက်မှဆင်းလာသည့် စကစစစ်ကြောင်းမှ ဆွန်ပီယန်ကျေးရွာကို မီးရှို့ဖျက်ဆီး

by Ninghkawng
May 21, 2024
ပူတာအိုဘက်မှဆင်းလာသည့် စကစစစ်ကြောင်းမှ ဆွန်ပီယန်ကျေးရွာကို မီးရှို့ဖျက်ဆီး
0
SHARES
19
VIEWS
Share on Facebook

ကချင်ပြည်နယ်ပူတာအိုမြို့ဘက်မှ ဆင်းလာသည့် စစ်ကောင်စီ (စကစ) လက်အောက်ခံစစ်ကြောင်းမှ ဆွန်ပီယန်ကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက Ninghkawng သတင်းဌာနကို ပြောပါသည်။

နောက်ဆုံးသတင်းရရှိသည်အထိ ၄ အိမ် ၅ အိမ်နီးပါးမီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်ကာ၊ မီးရှို့ဖျက်ဆီးနေသည့် စကစစစ်ကြောင်းကိုမူ မည်သည့်တပ်မှဖြစ်သည်ကို မသိရှိရသေးပဲ၊ ပူတာအိုဖက်မှဆင်းလာသည့် စစ်ကြောင်းဖြစ်ကာ၊ ကေအိုင်အေသိမ်းပိုက်လိုက်သည့် ဆွမ်ပရာဘွမ်မြို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန် ဖြစ်နိုင်ကြောင်း ဒေသခံကပြောသည်။

“၂၀၂၄ မေလ ၁၈ ရက်၊ စနေနေ့မှာ ဆွန်ပီယန်ကျေးရွာက အိမ်တချို့ကို မီးရှို့(ဖျက်ဆီး) ကြပါတယ်” လို့ ဒေသခံကပြောပါတယ်။

ပူတာအိုမြို့နယ်အတွင်းရှိ ဆွန်ပီယန်ကျေးရွာတွင် အိမ်ထောင်စုပေါင်း ၂၀၀ ကျော်ရှိပြီး၊ လူဦးရေ ၁၀၀၀ ကျော်ရှိကာ၊ တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့မှစပြီး၊ ရွာသူရွာသား အားလုံးတောထဲသို့ ထွက်ပြေးပုန်းရှောင်နေရကြောင်း ဒေသခံများကပြောပါသည်။

“ရွာသူရွာသားတွေအားလုံး တောထဲ နေရာအနှံ့ထွက်ပြေးတိမ်းရှောင်နေတာကို၊ ပြန်စုပြီး၊ တနေရာမှာ စစ်ရှောင်စခန်းတခုဖွင့်ပြီး နေထိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်” လို့ အဲသည့်ဒေသခံက ပြောပါတယ်။

လနှင့်ချီခုခံတိုက်ခိုက်နေသည့် ဆွမ်ပရာဘွမ်တွင်အထိုင်ချထားသော စကစစစ်တပ် ခလရ-၄၆ ကို ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ၂၀၂၄ မေလ ၅ ရက်နေ့မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဆွမ်ပရာဘွမ်မြို့ကို အလုံးစုံထိန်းချုပ်ခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ မံစီမြို့နှင့် မိုးမောက်မြို့အတွင်းရှိ ပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ စကစမှ လူမရှိတော့သည့် မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲချခြင်းတို့ကို လုပ်ဆောင်နေသည့်အတွက် နေအိမ်များ၊ စျေးဆိုင်များ မီးလောင်ပျက်ဆီးခဲ့ရပါသည်။

Ninghkawng

Ninghkawng

Next Post
ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Recommended

ဆွမ်ပရာဘွမ်အခြေစိုက် ခလရ ၄၆ တပ်စခန်းအား ကေအိုင်အေသိမ်းပိုက်

1 year ago
4
လက်လွှတ်လိုက်ရသည့် Gidon တပ်စခန်းအား ကေအိုင်အေပြန်လည်တိုက်ခိုက်သိမ်းပိုက်

လက်လွှတ်လိုက်ရသည့် Gidon တပ်စခန်းအား ကေအိုင်အေပြန်လည်တိုက်ခိုက်သိမ်းပိုက်

1 year ago
5

Popular News

  • လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချရန် ကေအိုင်အေသတိပေး

    0 shares
    Share 0 Tweet 0
  • လွယ်ဂျယ်မြို့ကို ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0
  • ဝိုင်းမော်မြို့နယ်အတွင်း ကေအိုင်အေနှင့် လီဆူပြည်သူ့စစ်အကြား တင်းမာမှုမြင့်တက်နေ

    0 shares
    Share 0 Tweet 0
  • ဆယ်ဇင်းကျေးရွာထဲ ရှမ်းနီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်

    0 shares
    Share 0 Tweet 0
  • ဆွမ်ပရာဘွမ်အခြေစိုက် ခလရ ၄၆ တပ်စခန်းအား ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0

Connect with us

NINGHKAWNG

Who we are - Reporting news about politics and ethnic issues in Myanmar especially on Kachin ethnic people.

  • About
  • Contact

© 2024 - Ninghkawng. All rights reserved.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Home
  • သတင်း
    • ကျန်းမာရေး
    • စစ်သတင်း
    • စီးပွားရေး
  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • Login

© 2024 - Ninghkawng. All rights reserved.