Sunday, May 25, 2025
No Result
View All Result
  • Login
NINGHKAWNG
  • Home
  • သတင်း
    • All
    • စစ်သတင်း
    • စီးပွားရေး
    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • ကချင်
  • အင်္ဂလိပ်

ENG | KAC
Home သတင်း စစ်သတင်း

မံစီ၊ မိုးမောက်မြို့အတွင်းနှင့် ဗန်မော်မြို့အနီးတဝိုက် တိုက်ပွဲများပြင်ထန်

by Ninghkawng
May 7, 2024
မံစီ၊ မိုးမောက်မြို့အတွင်းနှင့် ဗန်မော်မြို့အနီးတဝိုက် တိုက်ပွဲများပြင်ထန်
0
SHARES
12
VIEWS
Share on Facebook

ကချင်ပြည်နယ်အတွင်းရှိ မံစီ၊ မိုးမောက်မြို့အတွင်းနှင့် ဗန်မော်မြို့အနီးတဝိုက် ၂၀၂၄ မေလ ၇ ရက်နေ့မနက် မြန်မာစံတော်ချိန် မနက် ၅ နာရီ အချိန်မှစပြီး၊ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပါသည်။

ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် မံစီနှင့် မိုးမောက်မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ပြီးနောက်၊ အဆိုပါမြို့များမှ ရဲစခန်းတို့ကိုသိမ်းပိုက်လိုက်ပြီး၊ ဗန်မော်မြို့အနီးရှိ တပ်စခန်းများကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ဗန်မော်နှင့် ရွှေကူမြို့ကြားရှိ စင်းခန်းမြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများကပြောသည်။

“မံစီမှာကတော့ သည်ကနေ့မနက်ကနေစနေပြီ၊ လက်နက်ကြီးတွေနဲ့အရင်ဦးဆုံး ပစ်ခတ် တိုက်ခိုက်နေကြပါတယ်,” လို့ ဒေသခံတဦးက Ninghkawng သတင်းဌာနကို ပြောသည်။

သတင်းရေးနေသည့်အချိန်တွင်၊ မိုးမောက်မြို့အား ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရ သိရှိရသည်။

မံစီမြို့ရှိ ရဲစခန်းအားတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်၊ နေ့လည် ၁၁ နာရီခန့်တွင် ပစ်ခတ် တိုက်ခိုက်မှုများ ခနတာငြိမ်သက်သွားပြီးနောက်၊ စစ်ကောင်စီသည် တိုက်လေယာဉ်သုံးပြီး ဗုံကြဲတိုက်ခိုက်မှုများကို ပြုလုပ်လာခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဗုံးပေါက်ကွဲသံတွေကတော့ ဆက်တိုက်ကြားနေရပါတယ်၊ ခုနကလေယာဉ်နဲ့ ၂ ကျော့ပြန် ဗုံးကြဲသွားခဲ့ပါတယ်၊ ခုလေးတင်ဘဲ နောက်တကြိမ်လာကြဲသွားပါတယ်၊ (ပေါက်ကွဲသံကတော့) နှလုံးပျက်မတတ်ပါပဲ,” လို့ အဆိုပါဒေသခံက ပြောပါတယ်။

မံစီမြို့တွင်းထဲတွင် တပ်စိုက်နေရာယူထားသည့် စစ်တပ်မရှိတော့သည်မှာ ကြာပြီဖြစ်သော်လည်း၊ မကြားသေးသည့်အချိန်အတွင်း မြို့အနီးပတ်လည်မှ ၎င်းတို့၏တပ်စခန်းများ ကေအိုင်အေ လက်အောက်သို့ကျရောက်သွားခဲ့ပြီးနောက်၊ အဆိုပါတပ်စခန်းများမှ စစ်ကောင်စီတပ်သားများမှာ မံစီမြို့တွင် လာရောက်စုရုံးနေကြခြင်းဖြစ်ကြောင်း၊ အဆိုပါဒေသခံကပြောသည်။

မံစီမြို့နှင့် ဗန်မော်မြို့ကြားတွင် စစ်ကောင်စီ၏ တပ်စခန်း ၂ ခု ကျန်ရှိနေပြီး၊ အဆိုပါနေရာတွင် တိုက်ခိုက်မှုများ ပြင်းထန်နေကြောင်း၊ ဒေသခံကပြောသည်။

Ninghkawng

Ninghkawng

Next Post
ကေအိုင်အေစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါန်လွမ်း ခရစ်တော်၌အိမ်ပျော်သွား

ကေအိုင်အေစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါန်လွမ်း ခရစ်တော်၌အိမ်ပျော်သွား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Recommended

ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

4 months ago
1
မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

4 months ago
5

Popular News

  • လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချရန် ကေအိုင်အေသတိပေး

    0 shares
    Share 0 Tweet 0
  • လွယ်ဂျယ်မြို့ကို ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0
  • ဝိုင်းမော်မြို့နယ်အတွင်း ကေအိုင်အေနှင့် လီဆူပြည်သူ့စစ်အကြား တင်းမာမှုမြင့်တက်နေ

    0 shares
    Share 0 Tweet 0
  • ဆယ်ဇင်းကျေးရွာထဲ ရှမ်းနီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်

    0 shares
    Share 0 Tweet 0
  • ဆွမ်ပရာဘွမ်အခြေစိုက် ခလရ ၄၆ တပ်စခန်းအား ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0

Connect with us

NINGHKAWNG

Who we are - Reporting news about politics and ethnic issues in Myanmar especially on Kachin ethnic people.

  • About
  • Contact

© 2024 - Ninghkawng. All rights reserved.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Home
  • သတင်း
    • ကျန်းမာရေး
    • စစ်သတင်း
    • စီးပွားရေး
  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • Login

© 2024 - Ninghkawng. All rights reserved.