Monday, May 26, 2025
No Result
View All Result
  • Login
NINGHKAWNG
  • Home
  • သတင်း
    • All
    • စစ်သတင်း
    • စီးပွားရေး
    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    ဖားကန့်၊ နမ့်မော်ကျေးရွာ နွံကန်ကျိုးပေါက်ကျမှုထိန်းချုပ်လာနိုင်

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    စစ်ရေးအခြေအနေဆိုးရွားလာခြင်းကြောင့် မြစ်ကြီးနား-မန္တလေးအဝေးပြေးလမ်း အကန့်အသတ်မရှိပိတ်ထား

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့်ထပ်မံဗုံးကြဲ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ကချင်အထူးဒေသ (၁) ဖျက်သိမ်းလိုက်ကြောင်း ကေအိုင်အိုကြေညာ

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

    ဖာကန့်- မှော်စီဆာကျေးရွာမြေစာပုံပြိုကျမှု လူ ၄၀ နီးပါးပျောက်ဆုံး

  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • ကချင်
  • အင်္ဂလိပ်

ENG | KAC
Home သတင်း စစ်သတင်း

လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချရန် ကေအိုင်အေသတိပေး

by Ninghkawng
April 9, 2024
0
SHARES
0
VIEWS
Share on Facebook

လွယ်ဂျယ်မြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ ခလရ ၁၄၂ အား ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့ နောက်ဆုံးထားပြီး၊ လက်နက်ချရန် ကေအိုင်အေတပ်ဖွဲ့မှ သတိပေးလိုက်ပါသည်။

အဆိုပါသတင်းနဲ့ပတ်သက်ပြီး၊ လွယ်ဂျယ်မြို့ခံ တစ်ယောက်က အခုလိုပြောပါတယ်၊ “လွယ်ဂျယ်စစ်တပ်က မြန်မာစစ်တပ်ဖွဲ့ဝင်တွေကို သည်နေ့ ဧပြီလ ၈ ရက်နေ့ ၂၀၂၄ မှာ နောက်ဆုံးထားပြီး၊ လက်နက်ချဖို့ ကေအိုင်အေဖက်က ပြောဆိုထားတယ်လို့ သိရတယ်။”

လွယ်ဂျယ်မြို့ထဲမှာကျန်နေတဲ့ မြန်မာစစ်တပ်ဖွဲ့ကို လက်နက်မချဘူးဆိုရင်၊ ကေအိုင်အေဖက်က တိုက်ခိုက်ဖို့ရှိနေပြီး၊ ဧပြီလ ၈ ရက်နေ့မှာတော့ လွယ်ဂျယ်မြို့ထဲက စေ◌ျးဆိုင်တွေအားလုံး ပိတ်ထားဖို့၊ ကေအိုင်အေဖက်က ပြောဆိုထားသလို၊ ဒေသခံတွေကိုလည်း လှုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ကြဖို့ ပြောဆိုထားကြောင်း၊ အဲသည့်ဒေသခံက ပြောပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှစပြီး၊ ဗန်းမော်နှင့် လွယ်ဂျယ်မြို့အကြား နေရာတလျှောက် တပ်စွဲထားတဲ့ စစ်အစိုးရတပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေကို ကေအိုင်အေဖက်က၊ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လာခဲ့ပြီး၊ အဲသည့်တပ်စခန်းတွေထဲက လွယ်ဂျယ်မြို့ကို ကာကွယ်ရာမှာ အရေးကြီးတဲ့ စစ်အစိုးရရဲ့ ယောယုံတပ်စခန်းနဲ့ မဒါဘွမ်တပ်စခန်းတွေကို ကေအိုင်တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ၊ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်၊ မတ်လ ၂၉ ရက်နေ့မှာတော့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ၊ လွယ်ဂျယ်မြို့ထဲကို စတင်ထိုးဖောက်ဝင်ရောက်ပြီး၊ နေရာယူလာခဲ့တာ ဖြစ်ပါတယ်။

လွယ်ဂျယ်မြို့ထဲကို ကေအိုင်အေတပ်ဖွဲ့တွေ ဝင်ရောက်နေရာယူလာတဲ့အတွက် လွယ်ဂျယ်မြို့ထဲက၊ စစ်အစိုးရစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံဖက်ကနေ ထွက်ခွာသွားဖို့၊ ကေအိုင်အေနဲ့ သဘောတူညီမှုရရှိခဲ့ရင်လည်း၊ တရုတ်အစိုးရက ၎င်းတို့ရဲ့နိုင်ငံထဲကို ဝင်ရောက်ဖြတ်သန်းခွင့် ပိတ်ပင်ထားပြီး၊ နယ်စပ်တလျှောက် တိုက်ပွဲဖြစ်ပွားမှုတွေကိုလည်းရှောင်ရှားဖို့ ပြောဆိုထားကြောင်း ကြားသိရပါတယ်။

စစ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့နဲ့ တခြားဌာနဆိုင်ရာတွေကဝန်ထမ်းတွေ၊ ယောယုံ စစ်တပ်ကထွက်ပြေးလာတဲ့ ဗျူဟာမှူးအပါအဝင် စစ်တပ်ဖွဲ့ဝင်အားလုံးပေါင်း ၁၀၀ ကျော်နီးပါးဟာ ခလရ ၁၄၂ တပ်စခန်းထဲမှာ ထွက်ပြေးခိုလှုံနေခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

အခုချိန် ကေအိုင်အေတပ်ဖွဲ့တွေဟာ လွယ်ဂျယ်မြို့ထဲက စစ်အစိုးရရဲ့ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ် ရေးရုံး၊ ဆေးရုံ၊ ဌာနဆိုင်ရာရုံးနေရာတွေနဲ့ အရေးကြီးတဲ့ရုံးတွေကို သတိပေးစာတွေကပ်ပြီး၊ ချိတ်ပိတ်လိုက်ပါတယ်။ လွယ်ဂျယ်မြို့နဲ့ အနီးအနားက ကျေးရွာတွေမှာနေထိုက်ကြတဲ့ ပြည်သူတွေကိုလည်း လှုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းကြဖို့အတွက်လည်း ကေအိုင်အေက အသိပေးကြေညာထားကြောင်း လွယ်ဂျယ်မြို့ခံတဦးက ပြောပါတယ်။

အခုအချိန် လွယ်ဂျယ်မြို့ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်အစိုးရရဲ့ စစ်တပ်ဖွဲ့ကို ကေအိုင်အေ တပ်ဖွဲ့တွေက၊ အနီးကပ်ဝန်းရံထားပြီး၊ ၎င်းတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို မျက်ခြေမပျက် စောင့်ကြည့်နေကာ၊ အခြေအနေကို လေ့လာသုံးသပ်နေကြောင်း သိရှိရပါတယ်။

Ninghkawng

Ninghkawng

Next Post

လွယ်ဂျယ်မြို့ကို ကေအိုင်အေသိမ်းပိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Recommended

ပူတာအိုဘက်မှဆင်းလာသည့် စကစစစ်ကြောင်းမှ ဆွန်ပီယန်ကျေးရွာကို မီးရှို့ဖျက်ဆီး

ပူတာအိုဘက်မှဆင်းလာသည့် စကစစစ်ကြောင်းမှ ဆွန်ပီယန်ကျေးရွာကို မီးရှို့ဖျက်ဆီး

1 year ago
19
မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးလုံလောက်စွာမရခြင်းကြောင့် ဒုက္ခရောက်လာ

4 months ago
5

Popular News

  • လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချရန် ကေအိုင်အေသတိပေး

    0 shares
    Share 0 Tweet 0
  • လွယ်ဂျယ်မြို့ကို ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0
  • ဝိုင်းမော်မြို့နယ်အတွင်း ကေအိုင်အေနှင့် လီဆူပြည်သူ့စစ်အကြား တင်းမာမှုမြင့်တက်နေ

    0 shares
    Share 0 Tweet 0
  • ဆယ်ဇင်းကျေးရွာထဲ ရှမ်းနီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်

    0 shares
    Share 0 Tweet 0
  • ဆွမ်ပရာဘွမ်အခြေစိုက် ခလရ ၄၆ တပ်စခန်းအား ကေအိုင်အေသိမ်းပိုက်

    0 shares
    Share 0 Tweet 0

Connect with us

NINGHKAWNG

Who we are - Reporting news about politics and ethnic issues in Myanmar especially on Kachin ethnic people.

  • About
  • Contact

© 2024 - Ninghkawng. All rights reserved.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • Home
  • သတင်း
    • ကျန်းမာရေး
    • စစ်သတင်း
    • စီးပွားရေး
  • မေးမြန်းခန်း
  • ယဥ်ေကျးမှု
  • IDP
  • Login

© 2024 - Ninghkawng. All rights reserved.