တရုတ်နယ်စပ်လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးစစ်တပ်ကေအိုင်အေမှ အလုံးစုံသိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း ဒေသခံသတင်းရင်မြစ်တွေအရ သိရှိရသည်။
လွယ်ဂျယ်မြို့မှ စစ်ကောင်စီ၏ ခလရ ၁၄၂ တပ်စခန်းအတွင်း နောက်ဆုံးကျန်ရှိနေသည့် စစ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအားလုံးကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့ နောက်ဆုံးထားပြီး လက်နက်ချအညံ့ခံရန် ကေအိုင်အေတပ်ဖွဲ့မှ သတိပေးထားရာ၊ ဧပြီလ ၈ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲခန့်တွင် စစ်ကောင်းစီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ တရုတ်နိုင်ငံဖက်ကို ထွက်ပြေးသွားကြကြောင်း ဒေသခံ သတင်းရင်းမြစ်တွေအရ သိရှိရပါသည်။
ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့တွေမှ ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းအချိန်တွင်၊ အဆိုပါ စစ်ကောင်စီ၏တပ်စခန်းထဲကို ဝင်ရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်စခန်းအတွင်း ဝင်ရောက်ရှင်းလင်းစဉ် ကားတစ်စီးတိုက်စာ လက်နက်ခဲယမ်း များနှင့်အတူ ကျပ်ငွေသိန်းတစ်သောင်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သော ၁၀ နှစ်ကျော်မှစပြီး ပိတ်ထားသည့် လွယ်ဂျယ်-မိုင်ဂျာယန်ကြားမှ လမ်းမကြီးကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီး၊ လွယ်ဂျယ်မြို့ထဲတွင် ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးနှင့် လှုံခြုံရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။